Wednesday, June 11, 2008

လူအား၊ လုပ်အားနှင့် မိသားစုများပမာ

မုန်တိုင်းဒဏ်သင့် ဒေသများ၏ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ပစ္စည်းများ ကူညီလှူဒါန်းပေးရုံနှင့် ပြီးပြည့်စုံဦးမည် မဟုတ်ပေး။ လူအား၊ လုပ်အားနှင့် မိသားစုပမာ နွေးနွေး ထွေးထွေး အားပေးကူညီမှုများကို လိုအပ်နေမည်ဖြစ်သည်။

အဆိုပါကွက်လပ်ကို ဖြည့်ဆည်းပေးရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း လူငယ်ရေးရာ အဖွဲ့၏ ဦးဆောင်မှုဖြင့် အသင်းဝင်လူငယ် (၂၆၄)ဦးသည် အဖွဲ့(၆)ဖွဲ့ခွဲကာ မြစ်ဝကျွန်းပေါ်ဒေသမှ ကျေးရွာကြီး (၆)ရွာတွင် အခြေပြုပြီး နီးစပ်ရာ ကျေးရွာများအထိ လှည့်လည်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဒေသခံများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးနေပြီ ဖြစ်သည်။

အဖွဲ့(၁)တွင် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှ အသင်းဝင်လူငယ် ၁၂ဦးစီနှင့် ဧရာဝတီတိုင်းမှ ငါးဦး၊ စုစုပေါင်း (၄၁)ဦး ပါဝင်ပြီး လပွတ္တာမြို့နယ် လှိုင်းကုန်းကျေးရွာ၌ အခြေပြု ဆောင်ရွက်မည်။

အဖွဲ့(၂)တွင် ချင်းပြည်နယ်မှ အသင်းဝင်လူငယ် (၁၂)ဦး၊ စစ်ကိုင်းတိုင်းမှ (၂၀)ဦး၊ ရန်ကုန်တိုင်မှ (၁၀)ဦးနှင့် ဧရာဝတီတိုင်းမှ (၅)ဦး၊ စုစုပေါင်း (၄၇)ဦး ပါဝင်ပြီး လပွတ္တာမြို့နယ်၊ ပြင်စလူကျေးရွာ၌ အခြေပြု ဆောင်ရွက်မည်။

အဖွဲ့(၃) တွင် ကချင်ပြည်နယ်မှ အသင်းဝင်လူငယ်(၁၂)ဦး၊ မကွေးတိုင်းမှ (၂၀)ဦး၊ ရန်ကုန်တိုင်းမှ (၁၀)ဦးနှင့် ဧရာဝတီတိုင်းမှ ငါးဦး ၊ စုစုပေါင်း (၄၇)ဦး ပါဝင်ပြီး လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာ၌ အခြေပြု ဆောင်ရွက်မည်။

အဖွဲ့(၄)တွင် ပဲခူး(အရှေ့)၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ အသင်းဝင်လူငယ်(၁၂)ဦးစီနှင့် ဧရာဝတီတိုင်းမှ (၅)ဦး၊ စုစုပေါင်း (၄၁)ဦး ပါဝင်ပြီး လပွတ္တာမြို့နယ် ၊ စလူဆိပ်ကျေးရွာ၌ အခြေပြု ဆောင်ရွက်မည်။

အဖွဲ့(၅)တွင် တနင်္သာရီတိုင်း၊ ပဲခူး(အနောက်)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ အသင်းဝင်လူငယ် (၁၂)ဦးစီနှင့် ဧရာဝတီတိုင်းမှ (၅)ဦး၊ စုစုပေါင်း (၄၁)ဦး ပါဝင်ပြီး ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာ၌ အခြေပြု ဆောင်ရွက်မည် ။

အဖွဲ့(၆)တွင် ကယားပြည်နယ်မှ (၁၂)ဦး၊ မန္တလေးတိုင်းမှ (၂၀)ဦး၊ ရန်ကုန်တိုင်မှ (၁၀)ဦးနှင့် ဧရာဝတီတိုင်းမှ (၅)ဦး ပါဝင်ပြီး ဘိုကလေးမြို့နယ် ၊ စက်ဆန်းကျေးရွာ၌ အခြေပြု ဆောင်ရွက်မည် ဖြစ်သည်။

ထိုအဖွဲ့ ခြောက်ဖွဲ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ IT ပညာကျွမ်းကျင်သူ အသင်းဝင်လူငယ် (၁၂)ဦးတို့က တစ်ဖွဲ့လျှင်နှစ်ဦးစီ တွဲဖက်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းဆက်သွယ်ရေး နည်းပညာများဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

No comments: