Wednesday, June 4, 2008

အခြေခံဥပဒေကို တခဲနက်ထောက်ခံကြခြင်း အကြောင်းရင်း

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကြီးက အတည်ပြု ပြဋ္ဌာန်းပေးလိုက်ပြီဖြစ်တယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးခိုင်းခွင့်ရှိသူ ၂၇သန်းကျော်(၂၇၂၈၈၈၂၇) ဦးအနက် ၉၈.၁၂%က ဆန္ဒမဲ ပေးခဲ့ကြပြီး ၉၂.၄၈%က ဥပဒေနဲ့အညီ ထောက်ခံခဲ့ကြတယ်။
  • ဘာဖြစ်လို့ အခုလို ပြည်သူအများစုကြီးက တစ်ခဲနက် ထောက်ခံကြတာလဲ။ သေချာစွာ လေ့လာစမ်းစစ်ရင် အဲ့ဒီအခြေခံဥပဒေမှာပါဝင်တဲ့ အင်္ဂါရပ်အားလုံးဟာ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံနေလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုကောင်းမြတ်တဲ့ အင်္ဂါရပ်တွေ ပါဝင်နေသလဲဆိုတာ လေ့လာကြည့်ကြရအောင်။

  • (၁) နိုင်ငံတော်၏ အသွင်သဏ္ဍန် (Font of State)
  • (က) နိုင်ငံတော်အမည်- ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
  • (ခ ) နယ်နမိတ် - အခြေခံဥပဒေအတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့် အတိုင်း
  • (ဂ ) ပါဝင်ဖွဲ့စည်းထားသော ပြည်နယ်နှင့်တိုင်းများ- ရှိရင်းစွဲ တိုင်း(၇)တိုင်းကို တိုင်းဒေသကြီး(၇)ခုဖြင့် လည်းကောင်း၊ ရှိရင်းစွဲ ပြည်နယ်(၇)ပြည်နယ်ကို ပြည်နယ်(၇)ပြည်နယ်အဖြစ်လည်းကောင်း သတ်မှတ်သည်။ အားလုံး အဆင့် အတန်းတူညီကြသည်။ နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ။
  • (၂) အခြေခံမူများ (Basic Principle)
  • (က) နိုင်ငံတော် ရည်မှန်းချက်များ(State Policy) - နိုင်ငံတော်သည်
  • - ပြည်ထောင်စုမပြိုကွဲရေး
  • - တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး
  • - အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
  • - စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ စနစ် ထွန်းကားရေး
  • - နိုင်ငံတော်၌ တရားမျှတခြင်း၊လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော
  • လောကပါလတရားများကို ပိုမိုထွန်းကားရေးနှင့်
  • - နိုင်ငံတော်သည် အမျိုးသားရေး၊ နိုင်ငံရေး၊ဦးဆောင်မှု အခန်းကဏ္ဍနှင့်
  • တပ်မတော်က ပါဝင်ထမ်းဆောင်ရေးတို့်ကို အစဉ်တစိုက် ဦးတည်သည်။
  • (ခ ) စီးပွားရေးလမ်းစဉ် (Economic System )
  • - နိုင်ငံတော်၏ စီးပွားရေးသည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်။
    • (၃) နိုင်ငံတော်၏ ဖွဲ့စည်းတည်ဆောက်ပုံ (Organization of the State)
    • (က) ရပ်ကွက်၊ မြို့နယ် ၊ ပြည်နယ်၊တိုင်းဒေသကြီး ဖွဲ့စည်းပုံ နိုင်ငံတော်ကို အောက်ပါအတိုင်း ဖွဲ့စည်းသည်။
    • - ကျေးရွာကို ကျေးရွာအုပ်စုအဖြစ်စုစည်းပြီး ရပ်ကွက်များကို မြို့(သို့)မြို့နယ် အဖြစ် စုစည်းသည်။
    • - ကျေးရွာနှင့် ရပ်ကွက်များ (သို့) မြို့များကို မြို့နယ်အဖြစ် စုစည်းသည်။
    • - မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်။
    • - ခရိုင်များကို တိုင်းဒေသကြီး(သို့) ပြည်နယ်အဖြစ် စုစည်းသည်။
    • - ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသအတွင်းရှိ မြို့နယ်များကို ကိုယ်ပိုင်
    • အုပ်ချုပ်ခွင့်ရသော ဒေသအဖြစ်စုစည်းသည်။
    • - ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်းရှိ မြို့နယ်များကို ခရိုင်အဖြစ် စုစည်းပြီး ယင်းခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ်
    • စုစည်းသည်။
    • - တိုင်းဒေသကြီး(သို့) ပြည်နယ်တစ်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း
    • (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊
    • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ ခရိုင်များကို
    • တိုင်းဒေသကြီး(သို့)ပြည်နယ်အဆင့်စုစည်းသည်။
    • - တိုင်းဒေသကြီးများ၊ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများကို နိုင်ငံတော် အဖြစ် စုစည်းသည်။
    • (ခ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ သတ်မှတ်ပုံ
    • - စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်တို့ကို
    • စုစည်းပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ
    • - ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယ မြို့နယ်တို့ကို စုစည်းပြီး ဓနု
    • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
    • - ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့တို့ကို စုစည်းပြီး ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ
    • - ရှမ်းပြည်နယ်ရှိ ကုန်ကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး
    • ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ
    • - ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမွန်းမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နာဖန်းမြို့နယ် နှင့် မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် (၆)မြို့နယ်တို့ကို ခရိုင်
    • (၂)ခရိုင်ဖွဲ့ပြီး “၀”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း
    • (ဂ ) လွှတ်တော်များ ဖွဲ့စည်းမှု
    • - ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းခြင်း၊ ပြည်သူလွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဟူသည့် လွှတ်တော်နှစ်ရပ် ပါဝင်သည်။
    • - ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း၊ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊
    • လူဦးရေကို အခြေခံ၍လည်းကောင်း ဥပဒေနှင့်အညီ မဲဆန္ဒနယ် သတ်မှတ်၍
    • ရွေးကောက်တင်မြှောက်သည့် (၃၃၀)ဦးထက် မပိုသော ပြည်သူ့လွှတ်တော်
    • ကိုယ်စား ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေ
    • နှင့် အညီ အမည်စာရင်းတင်သွင်းသည့် (၁၁၀)ဦးထက်မပိုသော တပ်မတော်သား ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသည်။
    • - အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်း ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ပြီး
    • သက်ဆိုင်ရာပြည်ထောင်စုနယ်မြေအပါအ၀င် တိုင်းဒေသကြီး (သို့)ပြည်နယ်
    • တစ်ခုစီအတွက် ကိုယ်စားလှယ် (၁၂)ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်
    • မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၆၈)ဦးနှင့် တပ်မတော်
    • ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီင်္ အမည်စာရင်း တင်သွင်းပြီး တပ်မတော်သား ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်( ၅၆)ဦးတို့နှင့် ဖွဲ့စည်းသည်။
    • - တိုင်းဒေသကြီး (သို့)ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်း၊မြို့နယ် တစ်မြို့နယ်
    • လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စား လှယ်
    • များ ၊ တိုင်းဒေသကြီး/ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရရှိပြီးသော
    • တိုင်းရင်းသား လူမျိုးများအပ ကျန်တိုင်းရင်းသာလူမျိုးများအနက် လျော်ကန်
    • သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံလူဦးရေ စုစုပေါင်း၏ ၀.၁%နှင့် အထက်ရှိသော တိုင်းရင်းသာလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် များနှင့် ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံ တစ်ပုံနှင့် ညီမျှသော တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များနှင့် ဖွဲ့စည်းသည်။
    • (၄) နိုင်ငံတော်အုပ်ချုပ်ပုံ (Executive of the State)

    • (က) အစိုးရ၏ ပုံစံ (Form of Government)

    • - နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့ဖြစ်သည်။ နိုင်ငံတော် သမ္မတ သည် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည်။ ပြည်ထောင်စု အစိုးရ

      • အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များနှင့်ဖွဲ့စည်းသည်-
      • - နိုင်ငံတော်သမ္မတ
      • - ဒုတိယသမ္မတနှစ်ဦး
      • - ပြည်ထောင်စု ၀န်ကြီးများ
      • - ပြည်ထောင်စု ရှေ့နေချုပ်
      • (ခ ) နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပုံ
      • - သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စား
      • လှယ်အစုအဖွဲ့ (၃)ဖွဲ့ဖြင့် ဖွဲ့စည်းသည်။ ပြည်သူ့လွှတ်တော်ရှိ ရွေးကောက်
      • တင်မြှေက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ အမျိုးသား
      • လွှတ်တော်ရှိရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စား လှယ်များ၊ ကိုယ်စားလှယ်များအစုအဖွဲ့နှင့် ထိုလွှတ်တော်နှစ်ရပ်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့ဖြစ်သည်။
      • ထိုအစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို ရွေးချယ်တင်မြှောက်ပြီး
      • ၄င်း (၃)ဦးအနက်မှ တစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စု
      • လွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက် ရေး အဖွဲ့က ရွေးချယ်တင်မြှောက်သည် ။
      • (ဂ ) နိုင်ငံတော်၏ အာဏာခွဲဝေသုံးစွဲခြင်း (Delegation of State Power )
      • - နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စု လွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအားခွဲဝေ အပ်နှင်း သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအုပ်စုများအား အခြေခံဥပဒေက သတ်မှတ်
      • သော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်။
      • - နိုင်ငံတော် အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်သူများအား
      • ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို အခြေခံဥပဒေအရ သတ်မှတ်ပေးသည့်
      • အတိုင်း ခွဲဝေ အပ်နှင်းသည်။
      • - နိုင်ငံတော်၏ တရားစီရင်အာဏာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊
      • တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့်
      • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု တရားရုံးများအပါအ၀င် အဆင့်ဆင့်သော
      • တရားရုံးများအား ခွဲဝေအပ်နှင်းသည်။ အဆိုပါ နိုင်ငံတော် အာဏာ(၃)ရပ်ကို
      • တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းဖြင့် အချင်းချင်း အပြန်အလှန် ထိမ်ကျောင်း
      • ခြင်းတို့ ဖြစ်သည်။

    • (ဃ) အာဏာပိုင်အဖွဲ့အစည်းများ
    • - ပြည်ထောင်စု အစိုးရအဖွဲ့
    • - တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့များ
    • - ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး
    • အဖွဲ့များ၊
    • - နေပြည်တော်ကောင်စီ
    • - ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ
  • (၅) အခြေခံရပိုင်ခွင့်နှင့် တာဝန်များ (Fundenmental Rights and Duties)
  • - အောက်ဖော်ပြပါ ရပိုင်ခွင့်များ ပြဋ္ဌာန်းထားသည်။
  • (က) သာတူညီအမျှ ရပိုင်ခွင့် (Rights of Quality)
  • (ခ ) ဘာသာကိုးကွယ်မှု ရပိုင်ခွင့် (Rights to Religion)
  • (ဂ ) ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ ရပိုင်ခွင့် (Cultural and Educational Rights)
  • (ဃ) စီးပွားရေးဆိုင်ရာ ရပိုင်ခွင့် (Economic Rights)
  • (င ) ဥပဒေပြုရေး ရပိုင်ခွင့် (Rights Relating to Law)
  • (စ ) နိုင်ငံတော်ကာကွယ်ရေးတာဝန် (National Defence Duty)

  • (၆) အခြေခံဥပဒေ ပြင်ဆင်ခြင်း (Amendment of Constitution)
  • ပြင်ဆင်ရန် တင်းကြပ်ထားမှု မရှိပေ။

  • ဖော်ပြပါ အင်္ဂါရပ်များ၏ ကောင်းခြင်းကို ကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်သူ လူထုက အဘယ့်ကြောင့်တစ်ခဲနက် ထောက်ခံအတည်ပြုသနည်း ဟူသည့်အဖြေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ -
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အခြေခံဥပဒေတစ်ရပ်ရဲ့ ခိုင်မာတဲ့ လိုအပ်ချက် ပင်မအခြေခံဖြစ်တဲ့ နိုင်ငံတော်ကို အဖွဲ့အစည်းတစ်ခုအဖြစ် စုစည်းနေထိုင်ကြ တယ်ဆိုတဲ့အချက် ဖြစ်ပါကြောင်း ။

No comments: