Monday, June 30, 2008

မိုးမပြိုဘူး................. ပြိုခဲ့သော်

အခုတစ်လော မြန်မာနိုင်ငံရဲ့ သဘာဝဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး လူသားချင်းဆိုင်ရာညှာတာစာနာထောက်ထားမှု မရှိဘဲ ပြစ်မှုကျူးလွန်နေသည့် အခြေအနေ ဖြစ်ပေါ်နေတာမို့ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့် Responsibility to protect အရ နိုင်ငံတကာကယ်ဆယ်ရေးတပ်ဖွဲ့ တွေ အမြန်ဆုံးအင်အားသုံးပြီး ၀င်ရောက်ဖို့ အနောက်အုပ်စုက လှုပ်ရှားဆောင်ရွက်နေသလို VOA၊BBCနဲ့ RFA တို့က ရေလာမြောင်းပေးမေးခွန်းတွေနဲ့ တွေ့ဆုံဆွေးနွေးကောက်ချက်တွေ ဆွဲပြနေတာ တွေ့နေရပါတယ်။

ဒါဟာ အမေရိကန်စစ်သင်္ဘောအုပ်စု၊ ဗြိတိန်စစ်သင်္ဘောတစ်စင်နဲ့ ပြင်သစ်စစ်သင်္ဘောတစ်စင်း ကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေအပြည့်နဲ့ မြန်မာ့ပင်လယ်ပြင်အနီးမှာ လာရောက်စောင့်ဆိုင်းနေပေမယ့် မြန်မာအစိုးရ ၀င်ခွင့် မပြုလို့ ကျွဲမြီးတိုပြီး အပြစ်မရှိ အပြစ်ရှာတာလို့ အစပိုင်းမှာ ထင်လိုက်မိပါသေးတယ်။ ဒါပေမယ့် ကြက်တူရွေးကတော်တော် မယ်တော်ကကဲကဲဆိုသလို ပြည်တွင်း NLD၊ ပြည်ပြေးNLDနဲ့ အပေါင်းအပါတွေ ကျီးအာသလို ၀ိုင်းအာလာကြတာမို့ ဒါဟာ သွေးရိုးသားရိုးဖြစ်စဉ် မဟုတ်တော့ဘူးဆိုတာ ရိပ်စားမိလိုက်ပါတယ်။

ဒီကိစ္စကို ကမ္ဘာ့မီဒီယာလောကမှာ ဧရာမသတင်းကြီးလို ဇောင်းပေးဖော်ပြနေတာလဲ တွေ့နေရပါတယ်။ ဒါ့အပြင် ၁၆-၆-၂၀၀၈ရက်နေ့က နယ်စပ်တစ်နေရာမှာ ပြည်ပြေးNLD ခွန်မြင့်ထွန်း၊ ဦးလှဦင်္းနဲ့ နိုင်သောင်းရှိန်ဆိုသူ သုံးဦး သတင်းစာရှင်းလင်းပွဲလုပ်ပြီး မြန်မာနိုင်ငံထဲကို အင်အားသုံးဝင်ရောက်ဖို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ကို တိုက်တွန်းတောင်းဆိုတဲ့ ကြေငြာချက်ထုတ်ပြန်တယ်ဆိုတဲ့သတင်းကို ကြားလိုက်တော့မှ ပြည်တွင်းပြည်ပ ချိတ်ဆက်လုပ်တဲ့လုပ်ရပ်ဆိုတာ သုံးသပ်တွေ့ရှိရပါတော့တယ်။

ဒါဟာ ၁၉၉၉ခုနှစ်က အမေရိကန်နဲ့ အပေါင်းအပါနေတိုးတပ်ဖွဲ့တွေ ယူဂိုဆလားဗီးယားပြည်ထောင်စုကိငု လေယာဉ်ရာနဲ့ချီဝင်ရောက်ဗုံးမိုးရွာပြီး ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက အမေရိကန်နဲ့ နေတိုးက လူသားချင်းစာနာမှုအတွက် ကျူးကျော်တိုက်ခိုက်ခြင်းလို့ အကြောင်းပြခဲ့ပေးမယ့် ကုလသမဂ္ဂနဲ့ ကမ္ဘာက လက်မခံခဲ့ပါဘူး။ ဆန့်ကျင်ကန့်ကွက်ပွဲတွေ ခြိမ့်ခြိမ့်သဲအောင် လုပ်ခဲ့ပါတယ်။ ကမ္ဘာ့ပြည်သူတွေနည်းတူ မြန်မာပြည်သူတွေကလည်း အင်အားသုံးပြီုးဝင်ရောက်ကျူးကျော်တဲ့ ကိုလိုနီနယ်ချဲ့ရဲ့ လုပ်နည်းလုပ်ငန်ကို လုံးဝဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျူးကျော်စစ်ပွဲဆင်နွှဲမှု့ကို သဲသဲလှုပ်ထောက်ခံခဲ့သူတွေကတော့ ဒေါ်စုကြည်နဲ့ NLDတို့ ဖြစ်နေတာ တွေ့ရပါတယ်။ ၁၉၉၉ခုနှစ် ဇွန်လ (၇)ရက်၊ ပါတီတွင်းဆွေးနွေးချက်မှတ်တမ်းဖြန့်ဝေစာထဲမှာ ဒေါ်စုကြည်က အခုလိုပြောကြားကြောင်း ပေထထက်အက္ခရာတင်ထားတာ အထင်ရှားပါပဲ -
"အခုဆိုလို့ရှိရင် ယူဂိုဆလမ်မှာဖြစ်နေတဲ့ ကိစ္စဟာ ထင်ရှားနေတာပဲ၊ တော်တော့ကို ဗုံးတွေကြဲတာ၊ တော်တော့ကို လူတွေရော၊ တိုင်းပြည်ရော နာတဲ့အခါကျမှ တွေ့ဆုံဆွေးနွေးရေးလုပ်ပါတော့မယ်ဆိုပြီး လာတယ်။ ဒါတောင် စစ်ဗိုလ်ချုပ်ကြီးတွေက ဒီသဘောတူညီချက်ကို ပြည့်ပြည့်၀၀ အကောင်အထည်မဖော်လို့ နေတိုးက ဆက်ပြီး ဗုံးကြဲဦးမယ် ဆိုပြီးတော့ ဖြစ်နေတယ်။ အဲ့ဒီတော့ ပြည်သူတွေ ဆက်ပြီးတော့ နာဦးပေါ့၊ ဆက်ပြီးတော့ ခံဦးပေါ့။"

ဒါဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို သွယ်ဝိုက်ရုံ မဟုတ်တော့ဘဲ တိုက်ရိုက်ပေါ်တင်ကြီး ခြိမ်းခြောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါ်စုကြည် ၁၉၉၅ခုနှစ် ဇူလိုင်လမှာ ပြောထားတဲ့ စကားရှိတယ်မဟုတ်လား။ တွေ့ဆုံဆွေးနွေးရေးနဲ့ အလုံးစုံပျက်သုဉ်းရေး ကြိုက်ရာရွေးဆိုတဲ့စကားကို အားလုံးမှတ်မိကြဦးမှာပါ။ နိုင်ငံတော် အစိုးရအနေနဲ့ သူနဲ့တွေ့ဆုံဆွေးနွေးမှု မလုပ်ရင် ယဂိုဆလမ်လိုပဲ ဗုံးကြဲတိုက်ခိုက်တာခံရမယ်လို့ တည့်တည့် မပြောရုံဘဲ ကျန်ပါတော့တယ်။ ဒါဟာသူ့နောက်မှာ အမေရိကန်တို့၊ နေတိုးတို့ရှိတယ်လို့ ဆိုလိုရာလည်း ရောက်ပါတယ်။

အဲ့ဒီတစ်ကြိမ်ထဲဆိုရင် တိုက်ဆိုင်မှုပဲလို့ ငြင်းနိုင်ပါသေးတယ်။ ဒါပေမယ့် ဒေါ်စုကြည်နဲ့ NLDက လေတစ်လုံး မိုးတစ်လုံးနဲ့ ဗုံးတွေကြဲချ၊ ပါစပ်သေနတ်ပစ်ပြခဲ့တာ တရစပ်ပါပဲ။ ၁၆-၉-၉၉ရက်နေ့မှာ လုပ်တဲ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (RPP)တစ်နှစ်ပြည့် အခမ်းအနားမှာတော့ ဒေါ်စုကြည်တစ်ယောက် ဟန်တောင် မဆောင်နိုင်တော့ဘဲ အခုလို ပြောကြားခဲ့ကြောင်း ၂၀၀၀ပြည့်နှစ် မေလ(၁၈)ရက်နေ့သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူများက ရှင်းပြခဲ့ပါတယ် -
"အဆိုးဆုံးကတော့ ၁၆-၉-၉၉ရက်နေ့ကလုပ်ခဲ့တဲ့ (၁၀)ဦးဂိုဏ်းရဲ့ တစ်နှစ်ပြည့်အခမ်းအနားမှာ ဒေါ်စုကြည့်ရဲ့ ပြောကြားချက်များမှာ မြန်မာနိုင်ငံနဲ့ အရှေ့တီမောဟာ ကံတူအကျိုးပေးတွေဖြစ်တဲ့အကြောင်း၊ သေနတ်ပြ အုပ်ချုပ်ပြီး အရှေ့တီမောလို ဖြစ်နေတာကိုနိုင်ငံတကာက ကြည့်နေဦးမှာလား၊ အုံကြွဖျက်ဆီးမှုတွေ ကြုံလာမှ အရေးယူဆောင်ရွက်တော့မှာလားဆိုတဲ့ မေးခွန်းမေးပြီး အရှေ့တီမောမှာ နိုင်ငံပေါင်းစုံက လက်နက်ကိုင် တပ်တွေဝင်သလို မြန်မာနိုင်ငံကို နိုင်ငံစုံက ၀င်ရာက်ခြယ်လှယ်ဖို့၊ ပြည်ပစွက်ဖက်မှုကို ပြောင်ပြောင်တင်းတင်း ကမ်းလှမ်းဖိတ်ခေါ်တဲ့ ပြောကြားချက်ဖြစ်ကြောင်း။
"ပြည်တွင်းမှာလည်း ရှစ်လေးလုံးအကြောင်း ပြလိုက်၊ ကိုးလေးလုံးအကြောင်းပြလိုက်၊ ဘာနေ့ညာလိုက် အမျိုးမျိုးအကြောင်းပြပြီး၊ အခါတော်ပေးပြီး၊ ဆရာတော် သံဃာတွေကိုအသုံးချပြီး ၊ သွေးထိုးလှုံ့ဆော်လိုက်၊ လူငယ်ကျောင်းသားတွေဘက်လှည့်ပြီး သပ်လျှိုလိုက်၊ တိုင်းရင်းသားတွေကိုမြှောက်ပင့်ပေးပြီး သွေးခဲသပ်လျှို လိုက်နဲ့ ပြဿနာမဖြစ်ဖြစ်အောင် ပြည်တွင်းပြည်ပ အချိတ်အဆက်လုပ်ပြီး ပဋိပက္ခတွေကို ဖန်တီးနေကြောင်း၊ ပဋိပက္ခဖြစ်လာရင် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့၊ ၀င်စွက်ဖို့ကိုလဲ အသံကုန်အော်ပြီး ဖိတ်ခေါ်နေကြောင်း တွေ့ရပါတယ်" လို့ အထောက်အထားတွေနဲ့တကွ ရှင်းပြသွားတာဖြစ်ပါတယ်။

၁၉၉၉ခုနှစ်က ယဂိုဆလမ်ပြည်သူတွေအပေါ် လက်စွမ်းပြခဲ့တဲ့ အမေရိကန်နဲ့ နေတိုးရဲ့ Huminitarian Intervention ဆိုတာကို အခု ၂၀၀၈ခုနှစ်မှာ Crime against Humanitarian တို့၊ Responsibility to Protect တို့နဲ့ ရောမွှေပြီး ပြည်တွင်းပြည်ပ အတိုင်အဖောက်အချိတ်အဆက်လုပ်လာတာဟာ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးမားကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ မိုးမပြိုဘူး၊ ပြိုခဲ့သော်ဆိုသလို ဘက်ပေါင်းစုံမှ ကြိုတင်တွက်ဆ ကာကွယ်တားဆီးနိုင်မှ စိတ်ချရမယ့် အနေအထားဖြစ်တာကြောင့် ပြည်တွင်း ပြည်ပ ဆန့်ကျင်ဘက်အုပ်စုတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို မမှိတ်သောမျက်စိ မလပ်သောသတိနဲ့ အမြဲစောင့် ကြည့် ဖော်ထုတ်သွားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Thursday, June 26, 2008

အမှန်တကယ်........... လူသားချင်းစာနာထောက်ထားသည် ဆိုလျှင်

၂၀၀၈ခုနှစ်၊ မေလဆန်းက မြန်မာနိုင်ငံမှာ ကျရောက်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် သဘာဝဘေး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ၀ိဝါဒတွေ ကွဲပြားခဲ့တာတွေ့ရပါတယ်။ အကာအကွယ်ပေးရန်တာဝန်ရှိသည် (Duty to Protect)ဆိုတဲ့စကားကို ကိုးကားပြီး ကာယကံရှင် အစိုးရရဲ့ သဘောတူညီချက်မရလည်း အတင်း အဓမ္မ၀င်ရောက် ကူညီနိုင်သည်ဆိုတဲ့ အယူအဆကို ရှေ့တန်းတင်လာတာ ဖြစ်တယ်။

ဒါပေမယ့် နိုင်ငံအများစုကတော့ သဘာဝဘေးအန္တရာယ်ရဲ့ ပမာဏနဲ့ ပြည်ပအကူအညီလက်ခံမှု အတိုင်းအဆကို ကာယကံရှင်နိုင်ငံကသာ ဆုံးဖြတ်ဆောင်ရွက်နိုင်တယ်လို့ ယူဆကြပါတယ်။ အဲ့ဒီလို အယူအဆနှစ်ရပ် အားပြိုင်လာတာဟာ ယနေ့ကမ္ဘာပေါ်မှာ ထားရှိတဲ့ အင်အားကြီးနိုင်ငံအချို့ရဲ့ တရားမျှတမှုမရှိတဲ့ လိုတစ်မျိုး၊ မလိုတစ်မျိုး လျှာနှစ်ခွ မူဝါဒကနေ မြစ်ဖျားခံလာလို့ပဲ ဖြစ်တယ်။ အစကတည်းက နိုင်ငံအချင်းချင်း မိတ်ဆက်မပျက်ချစ်ကြည်ရင်းနှီးစွာဆက်ဆံပြီး နိုင်ငံကြီးငယ်မဟူ တစ်ဦးရဲ့အချုပ်အခြာ အာဏာကို တစ်ဦးက လေးစားမယ်၊ သူတစ်ပါးရဲ့ ပြည်တွင်းရေးမှာ ဘက်လိုက်မှု ကင်းကင်းနဲ့ သမာသမတ်ရှိရှိ ရပ်တည်ပေးခဲ့မယ်ဆိုရင် အခုလို လူသားချင်းစာနာမှု အကူအညီပေးရေးမှာ ၀ိဝါဒကွဲပြားစရာ ရှိလာမှာ မဟုတ်ပါဘူး။

နိုင်ငံတော်အစိုးရကတော့ နိုင်ငံတကာ အကူအညီများကို ငြင်းဆန်ခြင်း၊ ဒါမှမဟုတ် ရွေးချယ်လက်ခံခြင်းများ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ပေါက်ခဲ့ခြင်းဟာ လုံးဝမှန်ကန်မှု မရှိကြောင်း၊ လူသားချင်းစာနာ ထောက်ခားတဲ့ အကူအညီကို နိုင်ငံရေးအရ ဖိအားပေးမှုနဲ့ မဆက်နွယ်စေသင့်ကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အာဆီယံအဖွဲ့မှ တာဝန်ရှိသူများ၊ အာရှနိုင်ငံများမှ တာဝန်ရှိသူများ၊ INGO နဲ့ NGO အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ရှေ့မှောက်မှာ အတိအလင်း တရားဝင်ပြောကြားထားပြီး ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတော်အစိုးရလုပ်သမျှ ဆန့်ကျင်အပုပ်ချနေတဲ့ NLDရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ်မှာ တစ်သမတ်တည်းမဟုတ်ဘဲ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး မရိုးသားတဲ့လုပ်ရပ်ကို ပြန်လည် ဆက်စပ်ပြီး စဉ်းစားသုံးသပ်နိုင်ဖို့ ဖော်ပြလိုပါတယ်။ မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ဟာ ဘယ်အခေတ်အခါမှာ မဆို နိုင်ငံတကာရာရဲ့ နှောင်ကြိုးမဲအကူအညီတွေကို လက်ခံခဲ့တာ အားလုံးအသိပါ။ လူသားချင်း စာနာထောက်ထားမှု အကူအညီဆိုတာကိုတော့ ထည့်ပြောဖို့တောင် မလိုအပ်ခဲ့ပါဘူး။

ဒါပေမယ့် ၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့မှာ တပ်မတော်က တိုင်းပြည်ပျက်လုမခန်း ဖြစ်နေတဲ့ အခြေအနေကို ၀င်ထိန်းပြီး နိုင်ငံတော် တာဝန်ကို မလွှဲမရှောင်သာ ယူခဲ့ရတာ အားလုံးအသိပါ။ အဲ့ဒီအချိန်တုန်းက ဆူပူအကြမ်းဖက်သောင်းကျန်းမှုတွေကြောင့် တိုင်းပြည်ဟာ ပြာပုံအဖြစ်ရုံသာပဲ ရှိပါတော့တယ်။ အခုနာဂစ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာထက် အဆပေါင်းများစွ ယိုယွင်းပျက်စီး နေခဲ့တာပါ။ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက်ဟာ အလွန်အမင်းကို ဆိုရလောက်ပါတယ်။

နိုင်ငံအတော်များများကလည်း ကူညီချင်ခဲ့ကြပါတယ်။ အရင်ကလည်း ကူညီလက်ခံခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ အကူအညီပေးရေး ပွင့်လန်းနေတဲ့ လမ်းကြောင်းတွေဟာ NLDနဲ့ ဒေါ်စုကြည်တို့ကြောင့် လမ်းစပျောက်ခဲ့ရတာ ဖြစ်ပါတယ်။ NLDနဲ့ ဒေါ်စုကြည်ဟာ ၄င်းတို့ အာဏာကို ဖြတ်လမ်းမှ ရရှိရေးအတွက် မြန်မာနိုင်ငံအစိုးရကို ၀ိုင်းပယ်ဖို့၊ အထီးကျန်အောင်လုပ်ဖို့ စီးပွားရေးပိတ်ဆို့အရေးယူရုံသာ မကဘဲ လူသားချင်းစာနထောက်ထားမှု အကူအညီတွေကိုပါ ဖြတ်တောက်ဖို့ လှုံ့ဆော်တောင်းဆိုခဲ့တာ ရပ်သိ ရွာသိ ကမ္ဘာသိပါ။

၁၄-၇-၁၉၉၅ ရက်နေ့က ဒေါ်စုကြည်ရဲ့ အိမ်ခြံဝင်းအတွင်း ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ မူလတန်းကျောင်း (၄၅၀)ဆောက်လုပ်ပေးမယ့် ဂျပန် ODA ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး ကူညီထောက်ပံ့မှုကို အလောသုံးဆယ်လုပ်ဖို့ မလိုကြောင်း၊ ဆန္ဒမစောဘဲ စောင့်ကြည့်သင့်ကြောင်း ဟန့်တား ပိတ်ပင်ခဲ့တဲ့အတွက် ကူညီထောက်ပံ့မယ့် အစီအစဉ်တွေ ရေစုန်မျှောခဲ့ရပါတယ်။

၂၀၀၀ ပြည့်နှစ် နှစ်သစ်ကူးကာလမှာ ဟောင်ကောင်ကို ခိုးထုတ်သွားတဲ့ ဒေါ်စုကြည်ရဲ့ နှစ်သစ်ကူးသ၀ဏ်လွှာ ဖတ်ကြားတဲ့ ဗီဒီယိုအခွေထဲမှာ ဒေါ်စုကြည်က မြန်မာနိုင်ငံအပေါ် ပြည်ပမှ ဆက်လက်အရေးယူပိတ်ဆို့ ဖိအားပေးဖို့ တောင်းဆိုထားပြီး ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှပ်နှံဖို့ အစီအစဉ် လုပ်ဆောင်နေမှုတွေ ရပ်ပစ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီပေးမယ့် အစီအစဉ်တွေကိုပါ ရပ်ဆိုင်းဖို့ ဂျပန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့က မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုတွေ မဖြစ်စလောက်ပဲ လုပ်ခဲ့တာလည်း NLDနဲ့ ဒေါ်စုကြည်ရဲ့ စနက်ကြောင့်ဆိုတာ သက်သေအထောက်အထားတွေ အထင်အရှား ရှိနေပါတယ်။ နှစ်ပေါင်း ၁၉-နှစ်ကျော်ကာလတစ်လျှောက်လုံး အခြားနိုင်ငံများနည်းတူ ကူညီထောက်ပံ့မှုတွေ ထိုက်ထိုက်တန်တန် မရခဲ့တာဟာ NLDနဲ့ ဒေါ်စုကြည်တို့ရဲ့ စနက်ကြောင့်ဖြစ်ကြောင်း ဓမ္မဒိဋ္ဌာန်ကျသူတိုင်း သိထားပြီင်္းဖြစ်ပါတယ်။

အခုနာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကျရောက်မှုနဲ့ကြုံမှ NLDက ချော်လဲရောထိုင်လုပ်ပြီး နိုင်ငံတော်အစိုးရက နိုင်ငံတကာရဲ့ အကူအညီကို ခွဲခြားလက်ခံနေတယ်၊ လက်ခံဖို့ တုန့်ဆိုင်းနေတယ်လို့ ပြောနေတာဟာ သူခိုးက လူကို ဟစ်နေတာပါ။

ဘယ်လိုပဲ ဟစ်နေပါစေ ဖွတ်ကြီးကလည်း ထွက်သွားပါပြီင်္။ တောင်ပို့ကြီးမှန်းလည်း အားလုံးက သိထားပြီးပါပြီ။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးသင့်တယ်။ လက်ခံသင့်တယ်ဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေအပေါ် အရေယူမှုတွေ မလုပ်သင့်ပါဘူး။ ဒါလဲ လူထုအကျိုစီးပွားပဲ မဟုတ်ပါလား။

လူထုဟာ.......... ဘဲတွေမဟုတ်ပါ..........

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မဆိုင်တဲ့အပေါက်က ဂလိုင်နဲ့ခေါင်ချင်သူတွေ၊ မဆီ မဆိုင် လက်ပံသားဓါးနဲ့ချိုင်ချင် သူတွေ၊ မစားရတဲ့အမဲ သဲနဲ့ပက်ချင်သူတွေ၊ အခုတစ်လော တစ်ကျိတ်တည်း တစ်ဥာဏ်တည်း လက်ဝါးချင်းရိုက်ပြီး ထကြွ သောင်းကျန်းလာတာကို အထူးသတိပြုကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

အထူးသဖြင့် ပြည်ပ ပုဆိန်ရိုးတွေ ဦးဆောင်လှုံ့ဆော်လာသလို အမေရိကန်က ဒီမိုကရက်သမ္မတလောင်း အိုဘားမားရဲ့ မိန်းမကလည်း ဗီယက်နမ်မှာ မဲဆွယ်တာ ရိုးရိုးမဆွယ်ဘဲ မြန်မာနိုင်ငံကို ခုတုံးလုပ် အသုံးချသွားတာ တွေ့ရပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ် အသစ်ကလည်း တစ်စခန်းထလာသလို ILO ကလည်း သခွတ်ပင်က မီးတကျည်ကျည် လုပ်နေလေရဲ့။

ပြောရရင်တော့ ဆန့်ကျင်ဘက်အုပ်စုပေါင်းစုနဲ့ နယ်ချဲ့လက်ကိုင်တုတ် ပြည်ပအသံလွှင့်ဌာနတွေ၊ သူတို့ တစ်လျှောက်လုံး သုံးလာတဲ့ နည်းဗျူဟာအတိုင်း လုပ်လာတာပါပဲ။ သူတို့ ဘာပြောမလဲလို့ နားစွင့် နားထောင်နေတဲ့ ဖောက်သည်အုပ်စုအတွင်း လှုံ့ဆော် နားသွင်းရတာပဲဖြစ်တယ်။ အခါတော်ပေးနေတာပဲ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် အရေးအခင်းကာလတုန်းက BBC က လူထုအုံကြွရမယ့်နေ့ကို ၈-၈-၈၈ (ရှစ်လေးလုံးနေ့)လို့ အခါတော်ပေးတဲ့ ပုံစံအတိုင်း လုပ်နေကြတာပါပဲ။

ဆန့်ကျင်ဘက်အုပ်စုတွေ အဓိကထားပြောနေတာက အခုဆိုရင် ပြည်ပမှ ဖိအားတွေ ၀ိုင်းပေးနေကြတယ်၊ အဲ့ဒီလိုအချိန်မှာ ပြည်တွင်းမှလည်း အချိန်ကိုက် လှုပ်ရှားကြရမယ်။ ဆူပူအုံကြွမှုလုပ်ရာမှာ သွေးချောင်းစီးမှု အနည်းနဲ့အများတော့ ရှိမှာပဲ။ ဒီလောက်တော့ရင်းနှီးပေးဆပ်ရမယ်။ ပြည်သူလူထု (အမှန်ကတော့ ၄င်းတို့ လူနည်းစု ဆန့်ကျင်ဘက်အဖျက်သမားအုပ်စု)အနေနဲ့ အုံကြွပေါက်ကွဲဖို့ အဆင်သင့် ဖြစ်လာနေပြီ စသည်ဖြင့် သွေထိုးလှုံ့ဆော်နေကြတာ ဖြစ်ပါတယ်။

ပြည်ပြေးမိုးသီးဇွန်က ပြောထားတယ် မဟုတ်လား။ ပြည်သူတွေဆိုတာ ဘဲတွေလိုပဲ။ ရှေ့ကဦးဆောင်တဲ့ ဘဲနောက်ကို ဘဲအုပ်စုက နောက်ကနေလိုက်လာကြမှာပဲတဲ့။ ဒါဟာ ပြည်သူလူထုကို ခုတုံးလုပ် အသုံးချပြီး ဆန့်ကျင်ဘက်အုပ်စု ဖြတ်လမ်းမှ အာဏာရရှိရေးအတွက် စတေးမယ့်လုပ်ရပ်နဲ့ အကြံအစည်ပဲ ဖြစ်တယ်။ မြန်မာကွန်မြူနစ်တွေရဲ့ အစွန်းရောက်အယူအဆတွေ ခုအချိန်ထိ သူတို့ဆီမှာ ရှိနေသေးတာ အံ့သြစရာပါပဲ။ ဆူပူအုံကြွအကြမ်းဖက်မှု မပါဘဲ ၊ နိုင်ငံရေး မလုပ်တတ်ဘဲ လူတွင်ကျယ် ဗကပ အမာခံတွေ နိုင်ငံရေး သမားအရေခြုံထားတာကို သတိထားကြဖို့ လိုအပ်နေပါပြီ။

ဒါကြောင့် ပြည်သူလူထုကို အထင်သေး အမြင်သေးနဲ့ အမြဲတမ်း စတေးဖို့ဝန်မလေးတဲ့ ပြည်တွင်းပြည်ပ အဖျက်သမားတွေရဲ့ မနုဿထောင်ချောက်ထဲ အရောက်မခံဘဲ လက်ရှိလျှောက်လှမ်းနေတဲ့ လမ်းမှန်အတိုင်း ဖြောင့်ဖြောင့်တန်း ရှေ့ဆက်လှမ်းကြပါစို့။ နိုင်ငံရေး ၀င်္ကပါထဲမှာ မျက်စိလည် လမ်းမမှားဘဲ ပေါ်ထွန်းနေတဲ့ လမ်းစအတိုင်း မမှိတ် မသုန် ချီတက်ကြပါစို့လို့ တိုက်တွန်း ဆော်သြလိုက်ရပါတယ်။

Wednesday, June 25, 2008

(၂၅-၆-၂၀၀၈)ရက်နေ့၊ဘိုကလေးမြို့နယ်၊စက်ဆန်းကျေးရွာ၌ နာဂစ်မုန်တိုင်းဒဏ်ခံရပြီးနောက် ဒေသခံပြည်သူများ ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားလျှက်ရှိ










(၂၄-၆-၂၀၀၈)ရက်နေ့၊ပြင်စလူကျေးရွာအဖွဲ့(၂)၊လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ပြည်ခိုင်ဖြိုးအသင်းဝင်လူငယ်အဖွဲ့(၂)မှ တက်ကြွစွာပါဝင်ဆောင်ရွက်


(၂၄-၆-၂၀၀၈)ရက်နေ့၊စက်ဆန်းကျေးရွာ၌ ပြည်ခိုင်ဖြိုးအသင်းဝင်လူငယ် အဖွဲ့(၆)မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်





(၂၄-၆-၂၀၀၈)ရက်နေ့၊လှိုင်းဘုန်းကျေးရွာ-အဖွဲ့(၁)၊လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ပြည်ခိုင်ဖြိုးအသင်းဝင်လူငယ်အဖွဲ့(၁)မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်





(၂၄-၆-၂၀၀၈)ရက်နေ့၊ကြိမ်ချောင်းကျေးရွာ၌ ပြည်ခိုင်ဖြိုးအသင်းဝင် လူငယ်အဖွဲ့(၅)မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်






Tuesday, June 24, 2008

(၂၃-၆-၂၀၀၈)ရက်နေ့တွင် စက်ဆန်းကျေးရွာ၌ ပြည်ခိုင်ဖြိုး အသင်းဝင်လူငယ်အဖွဲ့(၆)မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်






(၂၃-၆-၂၀၀၈)ရက်နေ့တွင် စက်ဆန်းကျေးရွာရှိ မုန်တိုင်းဒဏ်ခံ ပြည်သူများအား ပြည်ခိုင်ဖြိုး အသင်းဝင် လူငယ်များက ဆေးဝါးကုသပေးခြင်းနှင့် အ၀တ်အထည်များ ပေးအပ်စဉ်။

(၂၂-၆-၂၀၀၈)ရက်နေ့တွင် စက်ဆန်းကျေးရွာ၌ ပြည်ခိုင်ဖြိုး အသင်းဝင်လူငယ်အဖွဲ့(၆)မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်




(၂၂-၆-၂၀၀၈)ရက်နေ့တွင် စက်ဆန်းကျေးရွာရှိ မုန်တိုင်းဒဏ်ခံပြည်သူများအား ပြည်ခိုင်ဖြိုးအသင်းဝင် လူငယ်များက အ၀တ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

(၂၁-၆-၂၀၀၈)ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့များသည် စက်ဆန်းကျေးရွာသို့ ရောက်ရှိ၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး



(၂၁-၆-၂၀၀၈)ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် စက်ဆန်းကျေးရွာ အ.ထ.က ရှိ ကျောင်းသား၊ ကျောင်းသူများအား အားပေးနှုတ်ဆက်။

(၂၀-၆-၂၀၀၈)ရက်နေ့တွင် စက်ဆန်းကျေးရွာ၌ ပြည်ခိုင်ဖြိုး အသင်းဝင်လူငယ်အဖွဲ့(၆)မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်



(၂၀-၆-၂၀၀၈)ရက်နေ့တွင် စက်ဆန်းကျေးရွာ၌ ပြည်ခိုင်ဖြိုးအသင်းဝင်လူငယ်များ ကွက်သစ်အိမ်ယာ တည်ဆောက်ရေးအတွက် မြေဖို့ခြင်း၊ သစ်ပင်များ ရှင်းလင်းခြင်းများ ပြုလုပ်နေကြစဉ်။

(၂၁-၆-၂၀၀၈)ရက်နေ့တွင် လှိုင်းဘုန်းကျေးရွာ၌ ပြည်ခိုင်ဖြိုး အသင်းဝင်လူငယ်အဖွဲ့(၁)မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်





(၂၁-၆-၂၀၀၈)ရက်နေ့တွင် လှိုင်းဘုန်းကျေးရွာ၌ ပြည်ခိုင်းဖြိုးအသင်းဝင် လူငယ်အဖွဲ့(၁)မှ ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ လဲကျသော သစ်ပင်များ ရှင်းလင်းခြင်းများ ဆောင်ရွက်နေကြစဉ်။

(၂၀-၆-၂၀၀၈)ရက်နေ့တွင် လှိုင်းဘုန်းကျေးရွာ၌ ပြည်ခိုင်ဖြိုး အသင်းဝင်လူငယ်အဖွဲ့(၁)မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်




(၂၀-၆-၂၀၀၈)ရက်နေ့တွင် လှိုင်းဘုန်းကျေးရွာအထက်တန်းကျောင်း၌ ပြည်ခိုင်ဖြိုးအသင်းဝင်လူငယ်များက လဲကျနေသော သစ်ပင်များအား ဖြတ်တောက်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ်။