Wednesday, June 11, 2008

လေဘေးသင့်ပြည်သူများ၏ အခက်အခဲ......လက်တွဲကူညီ ဆောင်ရွက်မည်

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းဟူသည် မျိုးဆက်သစ်တစ်ခုမှ မျိုးဆက်သစ်တစ်ခုဆီသို့ လက်ဆင့်ကမ်းပြီး စဉ်တိုက်ဆက်တိုင် အကောင်အထည်ဖော်သွားရသည့် လုပ်ငန်းကြီးဖြစ်ပေသည်။ မြန်မာ့သမိုင်းတွင် ပုဂံခေတ်၌ ပထမမြန်မာနိုင်ငံတော်၊ တောင်ငူခေတ်၌ ဒုတိယမြန်မာနိုင်ငံတော်၊ ကုန်းဘောင်ခေတ်၌ တတိယမြန်မာနိုင်ငံတော် ကြီးများ ပေါ်ထွန်းခဲ့သည်။ ထိုခေတ်တိုင်းတွင် လူမှုရေးကျင့်ဝတ်ခိုင်မြဲပြီး အမျိုးသားရေးစိတ်ဓါတ် ထက်သန်သော နိုင်ငံသားများ၏ စွမ်းဆောင်ရည်မြင့်မားမှုကို လေ့လာတွေ့ရှိနိုင်သည်။

မျက်မှောက်ခေတ်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကို ထူထောင်တည်ဆောက်နေသည့် ခေတ်ဖြစ်သည်။ ထိုသို့တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရပြည်သူနှင့်တပ်မတော် အင်အားသုံးရပ် ညီညွတ်စွာ ပူးပေါင်းတည်ဆောက်မှ အောင်မြင်နိုင်မည်ဟူသည့် ခံယူချက်သည် နိုင်ငံတော်၏ မူဝါဒဖြစ်ပေသည်။ ထိုမူဝါဒခံယူချက်နှင့်အညီ ပြည်တွင်းအင်အားသုံးရပ်၏ စွမ်းအားဖြင့် မည်သည့်အကျပ်အတည်းအခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။

အဆိုအင်အားသုံးရပ်အနက် ပြည်သူဟူသည့် အင်အားစုကြီးတွင် လူမှုရေးအသင်းအဖွဲ့များလည်း ပါဝင်ပေ သည်။ ယင်းလူမှုရေးအသင်းအဖွဲ့များအနက် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တည်ဆောက်မြှင့်တင်ပေးလျက် ရှိနေသည်မှာ အသင်းကြီး စတင်ဖွဲ့စည်းခဲ့သည့် ၁၅-၉-၁၉၉၃ရက်နေ့မှ ရေတွက်လျှင် (၁၅)နှစ်နီးပါး ရှိခဲ့ပြီ။

ယင်းဆယ်စုတစ်စုကျော်ကာလအတွင်း၌ အသင်းဝင်လူငယ်မောင်မယ်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် နိုးကြားတိုးတက်စွာ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အသင်းဝင် မျိုးဆက်သစ်လူငယ်များ၏ နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြည်သူ့အကျိုးစီးပွား သယ်ပိုးဆောင်ရွက်ရေးလုပ်ရပ်နှင့် စိတ်ဓါတ်သည် တိုင်းကျိုးပြည်ပြုလုပ်ငန်းစဉ်တွင် မှတ်ကျောက်အတင်ခံနိုင် ခဲ့သည်။

ယနေ့မြန်မာနိုင်ငံတွင် သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်ကြုံတွေ့ရချိန်၌လည်း မုန်တိုင်းဒဏ်ခံရသည့် ဒေသအသီင်္းသီးမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များသည် နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်တို့နှင့်အတူ ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို နိုးကြားသွက်လက် ထက်မြက်စွာ ပါဝင်ဆောင်ရွက်နေသည်မှာ ၀မ်းမြောက်အားတက်ဖွယ် ဖြစ်လေသည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း လူငယ်ရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ အသင်းဝင်လူငယ် (၂၄၆)ဦး ပါဝင်သော အဖွဲ့သည် ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်နှင့် ဘိုကလေးမြို့နယ်ရှိ ကျေးရွာများသို့ ယခုဇွန်လ(၁၀)ရက်နေ့တွင် သွားရောက်၍ လေဘေးသင့် ဒေသများ၏ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပြည်သူ့ကျန်းမာရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးနေပြီဖြစ်သည်။

No comments: