Wednesday, June 11, 2008

လေဘေးသင့်ပြည်သူတို့၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး.............. ဖေးမ ကူညီ




ပြီးခဲ့သည့် မေလ (၂)ရက်နှင့် (၃)ရက်နေ့တို့တွင် နာဂစ်မုန်တိုင်းသည် အင်အားပြင်းထန်စွာဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းကို ဖြတ်သန်းတိုက်ခိုက်သွားသဖြင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှ မြို့နယ်(၇)မြို့နယ်နှင့် ရန်ကုန်တိုင်းမြို့နယ် (၄၀)တို့၌ ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပွားခဲ့သည်။

နိုင်ငံတော်က အမျိုးသား သဘာဝဘေးကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဖိဖိစီးစီး ထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့သဖြင့် ယခုအခါ လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဖော်ဆောင်ပေးနိုင်ပြီဖြစ်သည်။

ယင်းသို့ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအား မိဘဆွေမျိုးများသဖွယ် ဖေးမ အားပေးကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း လူငယ်ရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် အသင်းဝင်လူငယ် (၂၆၄)ဦး ပါဝင်သော အဖွဲ့သည် ဧရာဝတီတိုင်း ၊ လပွတ္တာမြို့နယ်နှင့် ဘိုကလေးမြို့နယ်သို့ ၊ ယခုဇွန်လ(၁၀)ရက်နေ့တွင် စတင်ထွက်ခွာသွားကြပြီ ဖြစ်သည်။

အဆိုပါ အသင်းဝင်လူငယ် (၂၆၄)ဦးအား တွေ့ဆုံမှာကြားသည့် အခမ်းအနားကို ဇွန်လ (၃)ရက်နေ့ ညနေ(၃)နာရီ၌ ရန်ကုန်မြို့ရှိ အသင်းဌာနချုပ်၌ ကျင်းပရာ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က "ရပ်ရေးရွာရေးသ်ည အမျိုးသားရေး၏ လူမှုရေးဆိုင်ရာ အခြေခံအုတ်မြစ်ဖြစ်ရာ လူမှုရေးဆိုင်ရာ ရပ်ရေးရွာရေးများ အောင်မြင်အောင် အသင်းကြီး၏ လူမှုရေးဆိုင်ရာ အခြေခံမှုနှင့်အညီ ကြိုးပမ်းသွားကြရန်နှင့် ဒေသခံပြည်သူများ၏ နေရေး၊ စားရေး၊ ကျန်းမာရေး ကိစ္စများကို စေတနာအပြည့်ဖြင့် ကူညီဆောင်ရွက်သွားကြရန် " မှာကြားပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးခဲ့သည်။



No comments: