Saturday, October 4, 2008

NLD ပါတီအမှားတော်ပုံများ (၇)

NLDမှ ဦးအောင်ကြီးကို ဖယ်ထုတ်ပြီးနောက်ပိုင်း၌ ဒေါ်စုကြည်၏ သြဇာပိုကြီးလာခဲ့သည်။ အမာခံအင်အားအဖြစ် အရေးအခင်းကာလ ဆူပူလှုပ်ရှားသူများကို တိုးချဲ့အသုံးပြုလာသည်။ NLDအတွင်းမှ လက်ဝဲသမား ကွန်မြူနစ်များက ဦးအောင်ကြီးကို ရှင်းပစ်နိုင်ခဲ့ပြီး ဆက်၍ မျိုးချစ်ရဲဘော်ဟောင်း အမည်ခံ ဘောင်းဘီချွတ်နှင့် ဗိုလ်ပြုတ်များကို ဖြိုနိုင်မှ NLDကိုအပိုင်စီးနိုင်မည်ဟု တွက်ခဲ့ကြသည်။ ဤသို့ဖြင့် မျိုးချစ်ရဲဘော်ဟောင်း အဖွဲ့မှ ဦေးအာင်ရွှေ ၊ ဦးချစ်ခိုင် စသူတို့သည် NLDလက်ဝဲအုပ်စု၏ ဒုတိယပစ်မှတ်ဖြစ်လာပေသည်။
ထိုကာလတွင် ၃.၂.၁၉၈၉ ရက်နေ့၌ဦးကိုယု (စာရေးဆရာမောင်ကိုယု) က NLDဦးစီး အဖွဲ့သို့ "လက်ရှိအခြေအနေနှင့် နောင်အနာဂတ် အလားအလာအတွက် သုံးသပ်ချက် "ဟူသည့် စာတမ်း တင်သွင်းခဲ့သည်။ ၄င်းစာတမ်းတွင် ဖိနှိပ်ချုပ်ချယ်ထားသော အမိန့်များကို ရုပ်သိမ်းရေး ၊ တိုက်ပွဲပုံစံကို တစ်ဆင့်ချင်း တိုးမြှင့်ရေး၊ လက်အောက်ခံ မြို့နယ်အဖွဲ့များ မဟာမိတ်ပါတီများနှင့်းပေါင်းပြီး လက်ကိုင် ပိုစတာ လည်ချိတ်ပိုစတာများ ဆွဲပြီး နှစ်ပတ်လည် ဆန္ဒပြမှုများ ပြုလုပ်ရမည်ဟုရေးသားထားသည်။

ယင်းသည် အာဏာဖီဆန်ရေးအကြမ်းဖက် စီမံချက်ပင်ဖြစ်သည်။ ဦးကိုယုမှာ အလံနီကွန်မြူနစ်ဖြစ်ရာ အလံနီတစ်ဦး၏ စီမံချက်ကို လက်ခံလိုက်လျင် ဗ က ပ အနွယ်များ သိက္ခာကျနိုင်သဖြင့် ထိုစီမံချက်ကို တတ်သိ ဗ က ပအုပ်စုက အာဏာဟူသမျှဖီဆန်ကြ ဆောင်ပုဒ်ဖြင့် အစားထိုးခဲ့ကြသည်။

တတ်သိ လက်ဝဲအုပ်စုသည်ဒေါ်စုကြည်အားပါတီအနေဖြင့် ပြည်သူလူထု အထင်ကြီးစေမည့် လှုပ်ရှားမှု ( Movement) များပြုလုပ်နိုင်မှ အသက်ဝင်နေမည်ဖြစ်သည်ဟု ၀ိုင်းပြောလာကြသည်။ ယခင် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် လုပ်ခဲ့ဖူးသူ ဦးဝင်းတင်ကလည်း ၁၈၄၁ခုနှစ်က ပေါ်ထွက်ခဲ့သည့် အမေရိကန် တွေးခေါ်ပညာရှင် ဒေးဗစ် သော်ရိုး ၏ ရေးသားချက်များကို ကိုးကားပြီး အမိန့်အာဏာဖီဆန်ရေး ကိစ္စများကို နားချခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ခုနှစ် ဇွန်လတွင် ဦးဘသော် ( စာရေးဆရာ မောင်သော်က) က ဒေါ်စုကြည် အားဒေးဗစ်သော်ရိုး၏ စာပိုက်များကို ရွတ်ပြခဲ့သည်။ NLD တတ်သိ အုပ်စုဝင် မောင်သော်က ၊ ဒေါ်မြင့်မြင့်ခင် ၊ စမ်းစမ်းနွဲ့( သာယာဝတီ) ၊ မောင်ကိုယု၊ မောင်ဝံသ ၊ မောင်ခက်ပန်၊ တင်မိုးတို့က Civil Disobedience လိုင်းကို တင်ခဲ့ကြသည်။ ဦးဝင်းတင်ကလည်း ဒေါ်စုကြည်၏ တာဝန်ပေးအပ်ချက်အရ "အများသဘောမတူပဲ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ"ဟူသော ကြွေးကြော်သံကို တင်ပြရာ အားလုံးက လက်ခံ အတည်ပြုခဲ့ကြသည်။ ဤသို့ဖြင့် အာဏာဖီဆန်ရေး လုပ်ရပ်ကို အဆက်မပြတ် ဆက်တိုက် လုပ်လာခဲ့တော့သည်။

ပြည်ထဲရေးဝန်ကြီးဌာနက ပါတီအဖွဲ့အစည်းများ ပါတီတွင်းစည်းရုံးရေး အတွက် ရေးသားဖြန့်ဝေမည့် စာရွက်စာတမ်းများ ကိစ္စနှင့် စပ်လျဉ်းပြီး မှတ်ပုံတင် ကင်းလွတ်ခွင့်ရယူရန် ကြေငြာခဲ့သည်။ NLDက ထိုကင်းလွတ်ခွင့်ကို ရယူရန်မလို ၊ ကိုယ့်စိတ်ကြိုက် ရေးသားထုတ်ဝေ နိုင်သည်ဟု ပြောကာ ဖီဆန်ခဲ့သည်။ ပါတီ၏ စည်းရုံးရေးကို ဆန့်ကျင်ရေးနှင့် တွဲပြီး လုပ်ခဲ့သဖြင့် NLD သည် ကိုယ့်ရှူးကိုယ်ပတ် ကိုယ့်လက်ကိုမနိုင် ဖြစ်လာခဲ့သည်။

No comments: