Saturday, October 4, 2008

NLD ပါတီ၏ အမှားတော်ပုံများ (၄)

ထို့ကြောင့်လည်း ဒေါ်စုကြည်က ဦးအောင်ကြီးအား အပေါ်စီးမှ ဆက်ဆံ ခဲ့သည်။ ထိုကာလက ပြင်ဦးလွင်ဘက်သို့ ပါတီစည်းရုံးရေးကိစ္စနှင့် ရောက်နေသော ဥက္ကဋ္ဌ ဦးအောင်ကြီးအား အထွေထွေအတွင်းရေးမှူး ဒေါ်စုကြည်က ဌာနချုပ်သို့ ပြန်လာရန် စာပို့၍ အကြောင်းကြားရာတွင် ဌာနချုပ်၌ အရေးကြီးသဖြင့် ဥက္ကဋ္ဌဦးအောင်ကြီး အမြန်ပြန်လာပါရန် ညွှန်ကြားလိုက်သည်ဟူ၍ ရေးသားလိုက်ကြောင်း သိရပေသည်။ ဥက္ကဋ္ဌလုပ်သူကို အတွင်းရေးမှူးဖြစ်သူက ညွှန်ကြားချက်ထုတ်သည့် သဘောဖြစ်နေပေသည်။

ဦးအောင်ကြီးကလည်း ခေသူမဟုတ်၊ ၂၉-၁၁-၈၈ ရက်နေ့စွဲဖြင့် ဒေါ်စုကြည်ထံ အရေးပေါ်သုံးသပ်ချက်ကို ပေးပို့ခဲ့သည်။ စာပါ အဓိကအချက်မာ ဗဟိုဦးစီး အဖွဲ့ဝင်ရှစ်ဦးသည် ကွန်မြူနစ်ဟောာင်း ကွန်မြူနစ်လိုလားသူများဖြစ်၍ NLDမှ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ဖြစ်သည်။ အချက်အလက်များကို အပြည့်အစုံ ဖော်ပြရလျှင် -

(၁) NLD တွင် ကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူအုပ်စု ကြီးထွား နေသည်။

(၂) အဖွဲ့ချုပ်အောက်ခြေတွင် မြေပေါ်မြေအောက် (အိုဂျီနှင့်ယူဂျီ)များ ပေါ်ပေါက်လှုပ်ရှားနေသည်။

(၃) ယင်းအခြေအနေကို အကြောင်းပြု၍ ရွေးကောက်ပွဲနီးချိန်တွင် သက်ဆိုင်ရာက ပင်ဖျက်နိုင်သည်။ ငွေရေး ကြေးရေးကိစ္စ ဖြင့်လည်း ပါတီပယ်ဖျက်ခံရနိုင်သဖြင့် တိုင်းနှင့်ပြည်နယ်များတွင် စာရင်းများ စစ်ဆေးပြီး ဖြစ်သင့်သည် ။

(၄) အောင်-စု-တင် မကွဲရန် အထူးဂရုစိုက်သင့်သည် ။

(၅) အောင်-စု-တင် အဖွဲ့အတွင်းမှ ကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူဟု ယူဆရသူများကို အနားယူရန် မေတ္တာရပ်ခံသင့်သည်။

(၆) ခြေမမြဲ ၊ လက်မမြဲဖြစ်ရန် NLDတွင် အရန်အဖွဲ့ရှိသင့်သည် ။

(၇) ပြည်ထောင်စုအမျိုးသား ဒီမိုကရေစီပါတီသည် အရန်အဖွဲ့သာဖြစ်၍ NLD၏ အလံအောက်တွင် ရှိသည် ။

(၈) ပြည်ထောင်စုအမျိုးသား ဒီမိုကရေစီပါတီသည် အမျိုးသား တပ်ပေါင်းစုဝင် အဖွဲ့အစည်းတစ်ခုအဖြစ် လှုပ်ရှားမည်ဟူ၍ ဖြစ်သည်။

နောက်ပိုင်း လက်တွေ့ဖြစ်စဉ်၌ ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီသည် ဦးအောင်ကြီး၏ ခြေမမြဲ လက်မမြဲအရန်ပါတီ ဖြစ်လာသည်။ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က ဦတင်ဦး၏ အရန်ပါတီဖြစ်လာသည်။ ထို့အတူ ပြည်ပြေးစိန်ဝင်း (ဒေါ်စုကြည်၏ မောင်ဝမ်းကွဲ)၏ အမျိုးသားဒီမိုကရေစီပါတီကလည်း ဒေါ်စုကြည်၏ အရန်ပါတီ ဖြစ်ခဲ့သည် ။

အဆိုပါ ဦးအောင်ကြီး၏ အရေးပေါ်သုံးသပ်ချက်ကို NLD အတွင်းမှ သက်ဆိုင် သူများက ဆတ်ဆတ်ခါ နာခဲ့ကြသည်။ ဦးအောင်ကြီးက ကွန်မြူနစ် သို့မဟုတ် ကွန်မြူနစ် လိုလားသူများဟု စွပ်စွဲခံရသူများတွင် ဒေါ်စုကြည်အုပ်စုမှ (၁) ဦးကိုယု၊ (၂)ဒေါ်မြင့်မြင့်ခင် ၊ (၃) ဦးမိုးသူ၊ (၄)ဦးဝင်းတင်၊(၅) ဦးတင်ရွှေ (မုံရွာ)၊ (၆)ဦးထွန်းတင်၊ (၇)ဦးအောင်လွင်၊(၈) ဦးချမ်းအေး တို့ ပါဝင်သည်။ ဒေါ်စုကြည်က ၄င်း၏ အမာခံတတ်သိပညာရှင်အုပ်စုမှ လူများကို စွပ်စွဲသဖြင့် ဒေါသူပုန် ထခဲ့သည် ။

NLD ဗဟို၌ အုပ်စုလွန်ဆွဲပွဲ ဖြစ်လာသည်။ ဒေါ်စုကြည်ကလည်း ၄င်းကို ဆရာကြီး လုပ်နေသော ဦးအောင်ကြီးကို ကန်ထုတ်ချင်နေချိန်ဖြစ်သည် ။၎င်းအုပ်စုမှ လက်ဝဲသမား တတ်သိများကလည်း ဦးအောင်ကြီးကို လုံးဝ မလိုလားပေ။ ဦးတင်ဦးအုပ်စုမှ ဦးအောင်ရွှေတို့ မျိုးချစ်ရဘော်ဟောင်းများအဖွဲ့ကလည်း ဦးအောင်ကြီးအပေါ် အာဃာတ ရှိထားခဲ့သည် ။

No comments: