Wednesday, July 23, 2008

(၁၇.၇.၂၀၀၈)အုတ်တွင်းကျေးရွာ-အဖွဲ့အမှတ်(၈)
ငပုတောမြို့နယ်၊ အုတ်တွင်းကျေးရွာ၌ ပြည်ခိုင်ဖြိုးအသင်းဝင်လူငယ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတက်ကြွစွာပါဝင်ဆောင်ရွက်


ပြည်နယ်နှင့်တိုင်းများမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များသည် အဖွဲ့(၁၂)ဖွဲ့ခွဲပြီး လေဘေးဒဏ်သင့်ခဲ့သော ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိရာ (၁၇.၇.၂၀၀၈)ရက်နေ့တွင် ပြည်ခိုင်ဖြိုး အသင်းဝင်လူငယ် အဖွဲ့အမှတ်(၈) မှ အဖွဲ့ဝင်များ စုပေါင်း၍ အုတ်တွင်းမြို့နယ်၊အောင်မြေဘုံသာ ဘုန်းကြီးကျောင်း၌ ၀ါဆိုသင်္ကန်းကပ် ကျင်းပ လှူဒါန်းပွဲတွင် အဖွဲ့ဝင်များမှ သင်္ကန်းဒွိစုံ(၁)စုံနှင့် ၀တ္တုငွေများစုပေါင်းလှူဒါန်းခဲ့သည်။နာမကျန်းသော လူနာ(၄၄) ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Image

Image

Image

No comments: