၁၉၉၀ပြည့်နှစ် မေလ၊ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီ(၉၃)ပါတီ ရှိခဲ့သည်။ ၄င်းပါတီများသည် ရွေးကောက်ပွဲမ၀င်မီ ၄င်းတို့၏ မူဝါဒသဘောထားကြေညာချက်များကို အသီးသီးထုတ်ပြန် ခဲ့ကြသည်။ ၄င်းပါတီအများစုသည် မြန်မာနိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ကို လိုအပ်နေကြောင်း ယေဘုယျအားဖြင့် သဘောတူညီခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
ပါတီ (၇)ခုက ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်သုံးစွဲမည်ဟု ဆိုသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သုံးစွဲမည်ဟု ဖော်ပြခဲ့သော ပါတီမရှိခဲ့ပေ။ ပါတီ(၁၃)ခုက အခြေခံဥပဒေအသစ် ရေးဆွဲမည်ဟု သဘောထားဖော်ပြခဲ့သည်။ အခြေခံဥပဒေသစ်ရေးဆွဲမည်ဟု ယူဆနိုင်သော နိုင်ငံရေးပါတီ (၄၄)ပါတီ ရှိခဲ့သည်။ ကျန်(၁၁)ပါတီက အခြေခံဥပဒေနှင့် စပ်လျဉ်းပြီး သဘောထားမဖော်ပြခဲ့ပေ။
တိုင်းရင်းသားပါတီများဖြစ်သည့် တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က ရှမ်းပြည်နယ်မူဖြစ်ပြီး မရာပြည်သူ့ပါတီက (၁၀)ပြည်နယ်ထားရှိဖွဲ့စည်းရေး သဘောထားများ ဖော်ပြခဲ့ကြသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးကွန်ဂရက်၊ဒီမိုကရက်တစ် လူ့အခွင့်အရေးပါတီတို့က (၄)ပါတီအဖြစ်မှ တစ်ပါတီတည်းဖြစ်အောင် ဖွဲ့စည်းခဲ့သည်။ ၄င်းတို့ ရည်ရွယ်ချက်မှာ ဘာသာရေးကို အခြေခံ၍ လူမျိုးစုတစ်စု ထူထောင်ခွင့်ပြုရေးနှင့် ထိုလူမျိုးစု အများစုနေထိုင်ရာဒေသများကို ကိုယ်တိုင်အုပ်ချုပ်ခွင့်ပေးရေးကို နိုင်ငံရေး အပေးအယူလုပ်၍ တောင်းဆိုဖြစ်ကြောင်း တွေ့ရှိရသည်။ အလားတူ လူမျိုးစုအသစ်၊ ပြည်အသစ်တောင်ဆိုမှု များဖြင့် နိုင်ငံရေးကစားရန် လှုပ်ရှားမှုများလည်း ရှိခဲ့သည်။
ထို့ကြောင့် နိုင်ငံရေးပါတီများ ဖောင်းပွများပြားလာသည်နှင့်အမျှ နိုင်ငံ၏ ပကတိအခြေအနေနှင့် မအပ်စပ်သည့် နိုင်ငံရေးစိတ်ကူးယဉ်မှုများ၊ နိုင်ငံရေး အချောင်သမားများ ၊ နိုင်ငံရေးလှေကြုံစီးသူများ များပြားရှုပ်ထွေး လေ့ရှိကြောင်း သင်ခန်စာ ဖော်ထုတ်တွေ့ရှိရပေသည်။

No comments:
Post a Comment