Wednesday, July 9, 2008

မြန်မာနိုင်ငံရေးအကြောင်း တစ်စေ့တစ်စောင်း (၃)

အမျိုးသားနိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ လုံးဝလွတ်လပ်ရေးကို တောင်းဆိုလှုပ်ရှားခဲ့တဲ့ မြန်မာနိုင်ငံရေးခရီးစဉ်မှာ အယူဝါဒကွဲပြားမှုတွေ၊ အာဏာရယူလိုမှုတွေကြောင့် ပါတီနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ရောထွေးခဲ့ပေမယ့် တစ်မျိုးသားလုံးရဲ့ ဆန္ဒကတော့ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးသာ အဓိကဖြစ်ခဲ့တယ်။

ဒါကြောင့် ၁၉၂၀ပြည့်နှစ်က စတင်ခဲ့တဲ့ ကိုလိုနီပညာရေးစနစ် ဆန့်ကျင်လှုပ်ရှားမှုဟာ ၁၉၃၆ခုနှစ်နဲ့ ၁၉၃၈ခုနှစ်အထိ အားကောင်းလာခဲ့တယ်။ ၁၉၃၀ပြည့်နှစ် ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံကနေ ၁၉၃၈ခုနှစ် ချောက်ရေနံမြေလှုပ်ရှားမှုအထိ ကူးစက်ပျံ့နှံ့ခဲ့တယ်။ အဲ့ဒီကနေ ၁၃၀၀ပြည့်နှစ် အရေးတော်ပုံနဲ့ နယ်ချဲ့အစိုးရကို ကျယ်ကျယ်ပြန့်ပြန့် ပြင်းပြင်းထန်ထန် နိုင်ငံရေးတိုက်ပွဲဝင် ခဲ့တယ်။

အဲ့ဒီလို နိုင်ငံရေးတိုက်ပွဲသက်သက်နဲ့ လုံးဝလွတ်လပ်ရေး မရနိုင်ကြောင်းကိုလည်း စဉ်းစားသုံးသပ်မိခဲ့ကြတယ်။ ဒါကြောင့် ၁၉၃၉ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှာ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်လှဖေ (ဗိုလ်လင်္ကာ)တို့ ပါဝင်တဲ့ ကွန်မြူနစ်မြေအောက်ကလပ်စည်းကို လျှို့ဝှက် ဖွဲ့စည်းခဲ့တယ်။ အိန္ဒိယမှာ ကွန်မြူုနစ်ပါတီကို ဗြိတိသျှအစိုးရက မတရားအသင်း ကြေညာထားသလို၊ အခုလို လျှို့ဝှက်ဖွဲ့စည်းလုပ်ဆောင် ခဲ့ရတာ ဖြစ်တယ်။ ထို့အတူပဲ နှောင်အခါမှာ ဆိုရှယ်လစ်ပါတီလို့ အမည်တွင်မယ့် ပြည်သူအရေးတော်ပုံ ပါတီကို ဖွဲ့စည်းခဲ့ပြန်တယ်။ အဲ့ဒီမှာ သခင်အောင်ဆန်း၊ သခင်မြ၊ သခင်ချစ်၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ ပါဝင်ခဲ့တယ်။

၁၉၃၉ခုနှစ် ၊ စက်တင်ဘာလ (၁)ရက်နေ့မှာ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားတယ်။ နယ်ချဲ့ဗြိတိန်တွေ အကျပ်အတည်းနဲ့ နေရတာမို့ တစ်မျိုးသားလုံး စည်းလုံးညီညွှတ်မှုအားနဲ့ တိုက်ပွဲဝင်ဖို့ အချိန်ကောင်းပဲ ဖြစ်တယ်။ ဒို့ဗမာအစည်းအရုံးက နိုင်ငံရေးအဖွဲ့အစည်းအချင်းချင်း တင်းမာမှုများ ရပ်ဆိုင်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ နှိုးဆော်တယ်။ နိုင်ငံရေး ပါတီတွေဟာ ပါတီနိုင်ငံရေးကို အဓိကမထားဘဲ အမျိုးသားနိုင်ငံရေးကို မဏ္ဍိုင်ပြုလာကြတယ်။ ဒို့ဗမာအစည်းအရုံး၊ ဆင်းရဲသားသံသာနုအဖွဲ့၊ နေပြည်တော် အဖွဲ့နဲ့ ငါးပွင့်ဆိုင်အဖွဲ့တို့ ပူးပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းခဲ့တယ်။ ဒေါက်တာဗမော်က ဥက္ကဋ္ဌ၊ သခင်အောင်ဆန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်တယ်။ နိုင်ငံ့လွတ်လပ်

No comments: