Saturday, October 4, 2008

NLD ပါတီ၏အမှားတော်ပုံများ(၁၃)

ဒေါ်စုကြည်အား ၂၀.၉.၁၉၈၉ ရက်နေ့တွင် သက်ဆိုင်ရာက နေအိမ်၌ တားဆီးမိန့်ထုတ်ခဲ့ရသည်။ ယင်းသို့တားဆီးမိန့်မထုတ်မီ ဇူလိုင်လ ၁၉ရက်ညတွင် NLD ဌာနချုပ်လုပ်ထားသော တက္ကသိုလ် ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်ခြံဝင်းကို သက်ဆိုင်ရာက စနစ်တကျဖွဲ့စည်းပြီး ၀င်ရောက်ရှာဖွေမှုပြုလုပ်ခဲ့သည်။

၎င်းခြံဝင်းထဲ၌ လွတ်မြောက်နယ်မြေသဖွယ် သဘောထားပြီး အစိုးရဆန့်ကျင်မှု

မှန်သမျှကို လက်ရဲဇက်ရဲလုပ်ခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။ ဆန့်ကျင်စာများ၊ လက်နှိပ်စာများ၊ မိတ္တူကူးစက်များ၊ ဖြန့်ဝေခဲ့သည့် အဖွဲ့အစည်းအမည်အမျိုးမျိုး၊ မြို့အမည်အမျိုးမျိုးနှင့် ဆန့်ကျင်စာများကို သိမ်းဆည်းရရှိခဲ့သည်။ ခြံထဲမှ ဥပဒေအရ အရေးယူ အပြစ်ပေးခံရမည့် လူများ အပါအ၀င် NLD လူငယ် ၄၁ ယောက်ကို ဖမ်းမိသည်။ ၎င်းအထဲတွင်သောင်းကျန်းသူ အဖွဲ့ ဖြစ်သည့် ABSDF မှ ထောက်ပံ့ရေး ကော်မတီ တွဲဖက်တာဝန်ခံ စိုးမြတ်သူလည်းပါဝင်ခဲ့

သည်။

ဒေါ်စုကြည်သည် တောတွင်းသောင်းကျန်းသူများနှင့် ဆက်သွယ်ပတ်သက်ခဲ့ သည့် တိုက်ပိတ်စိုးမြတ်သူ စသည့် တောတွင်းသောင်းကျန်းသူအဖွဲ့အစည်း များကို ၎င်းခြံဝန်းအတွင်းလက်ခံတွေ့ဆုံအားပေးခဲ့သည်။ ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နိုင်ငံတော်အစိုးရအားဝိုင်းပယ်ရန် ၊ အရေးယူပိတ်ဆို့ရန် စာရေးတိုက်တွန်းခဲ့သည်။ သောင်းကျန်းသူများနှင့် ဆက်သွယ်ဆက်ဆံအားပေးမှုပြုခဲ့သည်။ အစိုးရအပေါ် အကြည်ညို ပျက်အောင် ပြုမူပြောဆို လှုံ့ဆော်ခဲ့သည်။ ထိပ်တိုက်ရင်ဆိုင်ရေး ၊ အာဏာဖီဆန်ရေး လုပ်ရပ်များဖြင့် တည်ဆဲဥပဒေပုဒ်မ အများအပြားကို ချိုးဖောက်ခဲ့သည်။ ၎င်းကျူးလွန်ခဲ့သော ဥပဒေပုဒ်မ အားလုံးဖြင့်သာ ရုံးတင်တရားစွဲစစ်ဆေးပါက လွတ်ရက်မရှိထောင်ကျ နိုင်ကြောင်းသိရပေသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရက စိတ်ရှည် သီးခံမှုများဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့၍သာ နေအိမ်၌ တားဆီးမိန့်ဖြင့်နေနိုင်

ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အများစုမှာ ပြစ်မှုကိုယ်စီ ဖြင့် အရေးယူခံနေရချိန်ဖြစ်သည်။ ဒေါ်စုကြည်ပါ တားဆီးမိန့် အထုတ်ခံလိုက်ရသောအခါ NLD လည်းရုပ်သေးကြိုးပြတ်သလိုဖြစ်သွားသည်။ ဤအခြေကို အမိအရဆုပ်ကိုင်ပြီး လှုပ်ရှားသူများကတော့ မျိုးချစ်ရဲဘော်ဟောင်းများဖြစ်သည်။ NLD ကို ဦးဆောင်လှုပ်ရှား မည့်သူ မရှိချိန်တွင် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်မှ ဦးအောင်ရွှေက NLD ဥက္ကဌနေရာဝင်ယူခဲ့သည်။ NLD အဖွဲ့ခွဲများ၊ အဖွဲ့ဝင်များအား စည်းရုံးရေးလုပ် ၊ ရွေးကောက်ပွဲဝင်ဖြစ်အောင်ဝင်ရမည်ဟုမက် လုံးပေးကာ NLD ကိုအသက် ဆက်ပေးခဲ့သည်။ နောက်ကွယ်မှ အကြောင်းရင်းအမှန်မှာ လူထုက မဆလကို မုန်းနေသည့် အရှိန်မကုန်သေးမီ ရွေးကောက်ပွဲ၌ NLD မဲရနိုင်သည့် အခြေအနေကိုမျှော်မှန်းပြီး လှေမျောကို လှေနှင့်လိုက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဦးအောင်ရွှေတို့အုပ်စုတွင် တည်မြဲဖဆပလ (တစ်ချိန်က ဆိုရှယ်လစ်ပါတီ တစ်ခြမ်း)မှ လူများပါဝင်ရာ နိုင်ငံရေး ဖျံများပီပီ NLD ဗဟိုကို အုပ်စီးလာခဲ့ကြပေသည်။

No comments: